Category Archives: Uncategorized

ဆရာကြီး Singapore တွင် ရှိစဉ် မေးဖြစ် ခဲ့တဲ့ မေးခွန်းလေးတွေကို မျှဝေလိုက်ပါတယ်…..

မေး ။   ။ ဆရာခင်ဗျား ဒီနေ့ ၂၀၁၂ မြန်မာပြည် အစိုးရရဲ့ နိုင်ငံရေး လမ်းစဉ် ပြောင်းလဲလာ မှု့ကို ဆရာ ယုံကြည်မျှော်လင့်ပါသလား ။ ဖြေ ။    ။ ကျွန်တော် တကယ်ယုံပြီးမျှော်လင့်ပါတယ်၊ခင်ဗျားတို့ ပြန်သတိထားကြည့်ပါ၊ ကျွန်တော်တို့ ဗမာ့တပ်မတော်ဟာ ပြည်သူ့ရင်ထဲက ပေါက်ဖွါးလာတဲ့တပ်မတော်ပါ၊ပြည်သူနဲ့တပ်မတော် ဟာ တစ်ဦးကို တစ်ဦး ချစ်ကြည်လေးစားပြီး၊တပ်မတော်ဟာ တပ်မတော် အလုပ်ပဲလုပ်ခဲ့တယ်၊ ပြည်တွင်းရန် ပြည်ပရန်ကိုကာကွယ်ခဲ့တယ်၊နိုင်ငံရေး၊စီးပွါးရေးမှာ တစ်စက်မှဝင်မပါခဲ့ဘူး၊ ဒါပေမဲ့ အာဏာမက်တဲ့ လူတချို့ က တပ်မတော်ကို ကိုယ်ကျိုး … Continue reading

Posted in Uncategorized | 1 Comment

ကျွန်တော်ကျောင်းဆရာ – ရ

“မင်းတို့ကို အရင်တစ်ပတ်က ကောင်းကင်မှာ ပျံနေတဲ့၊ လေထဲမှာ ကျက်စားတဲ့ တင်ကျီးငှက်တွေက ရေထဲမှာ ကျက်စားတဲ့ ငါးကို ဖမ်းပြီး စားကြတဲ့အကြောင်းကို ပြောခဲ့တယ်။ မှတ်မိမှာပေါ့” “မှတ်မိပါတယ် ဆရာ” “ကောင်းပြီ။ လေထဲမှာပျံတဲ့ ငှက်အချင်းချင်းကို ဖမ်းပြီး စားနိုင်တဲ့ ငှက်တွေလဲ ရှိသေးတယ်။ ဟုတ်လား” သူတို့ ခဏတော့ ငိုင်သွားလိုက်ပါသေးသည်။ သို့သော် မကြာမီမှာပင် ပြန်ဖြေနိုင်ကြပါသည်။ “ဟုတ်တယ်ဆရာ၊ စွန်တို့၊ သိမ်းတို့၊ လင်းယုန်တို့လို ငှက်မျိုးတွေပေါ့ဆရာ” “အေးပေါ့ကွ” “သူတို့ကျတော့ကော ဘယ်လိုသင်တန်းပေးသလဲ”

Posted in ဆောင်းပါးများ, Uncategorized | 1 Comment