လူငယ်တွေအတွက် လူကြီးတွေရဲ့ပန္နက် – ၇

အရင်တစ်ပတ်က အတတ်ပညာ၊ အသိပညာတစ်ခု ခုကို ဆည်းပူးလိုတဲ့ လူငယ်တွေဟာ အင်္ဂလိပ်ဘာသာ စကားကတစ်ဆင့် အဲဒီ ပညာကို လေ့လာရင် ပိုပြီးလွယ်ကူ နိုင်ကြောင်း ရေးခဲ့ပါတယ်။ ဒီကနေ့ ဆယ်တန်းအောင် အဝေးသင်ကျောင်းသား လူငယ်တွေဟာ အင်္ဂလိပ်စာပေဖတ်ရှုသူ အလွန်နည်းကြတယ်။ အင်္ဂလိပ်စာပေဖတ်ရှုမှု ဘာကြောင့် နည်းသလဲဆိုတာကို စူးစမ်းကြည့် လိုက်တော့ကောင်းကောင်း မဖတ်တတ်ကြလို့ပါပဲ။ သူတို့တစ်တွေဟာ (ငါစူးစမ်းမိသလောက်) အင်္ဂလိပ်စာဖတ်ဖို့ကိုလည်း မဝံ့မရဲ ဖြစ်နေကြတယ်။ အင်္ဂလိပ်စာကို ဖတ်တတ်သလို လို အီယောင်ဝိုးဝါးနဲ့ လမ်းခုလတ်မှာ ယောင်ပေပေ ဖြစ်နေကြတာတွေများ တယ်။ ဘာကြောင့် ဒီလိုဖြစ်လာရသ လဲဆိုတာကို စဉ်းစားကြည့်မိတယ်။ ငါ့အတွေ့အကြုံအရ မှန်းဆမိတာက သူတို့ အင်္ဂလိပ်စာ သင်ယူခဲ့တာက စာမေးပွဲ ဖြေနိုင်ရုံ၊ ဆရာမေးရင် ပြန်ပြောတတ်ရုံလောက်ကို ပဲ အာရုံပြု မှတ်သားခဲ့ကြတာ ဖြစ်နေတယ်။

Continue reading

Posted in ဆောင်းပါးများ | Leave a comment

လူငယ်တွေအတွက် လူကြီးတွေရဲ့ပန္နက် – ၆

အရင်တစ်ပတ်က နိုင်ငံခြားဘာသာစာပေ စကားတစ်ခုကို လေ့လာသင်ယူခြင်းနဲ့ ပန်းတိုင်ရည်မှန်း ချက်အကြောင်းကို ရေးခဲ့ပါ တယ်။ ထမင်းစား၊ ရေသောက် ပြောတတ်ရုံ၊ ဆက်သွယ်ရေးပစ္စည်းတစ်ခုအဖြစ် အသုံးချရုံ လောက်ကိုသာလျှင် မရည်မှန်းဘဲ အသိပညာ၊ အတတ် ပညာတစ်ခုကို ရသည်ထိအောင် ကြိုးပမ်းသင့်ကြောင်းကို လည်း ရေးခဲ့ပါတယ်။

Continue reading

Posted in ဆောင်းပါးများ | Leave a comment

လူငယ်တွေအတွက် လူကြီးတွေရဲ့ပန္နက် – ၅

အရင်တစ်ပတ်က ပညာရပ်အသစ် အသစ်တွေ ကို လေ့လာရမယ်။ ကိုယ်စိတ်ဝင်စားရာ ဘာသာရပ်ကို စာဖတ်ခြင်း၊ ကျွမ်းကျင် သူများထံ ချဉ်းကပ်ဆည်းပူးခြင်းအားဖြင့် လေ့လာသင်ယူ ရမယ်ဆိုတဲ့အကြောင်းကို  ရေး သားခဲ့ပါတယ်။
ဒီနေရာမှာ ဒီကနေ့ လူငယ်တွေရဲ့ ကြိုးပမ်း လေ့လာနေမှုကို သတိထားနေမိတာကြောင့် ပြောလိုက် ရဦးမယ်။ ကိုရီးယားဘာသာစကား၊ ဂျပန်ဘာသာစကား စသည်အားဖြင့် သင်ကြားလေ့ လာနေ တာကို တွေ့ရပါ တယ်။ အဲဒီလို နိုင်ငံခြားဘာသာစကားတွေ လေ့လာ သင်ယူနေတာဟာ အလွန်ကောင်းတဲ့ လက္ခဏာပါပဲ။ သို့သော် ဘာသာစကား ဆိုတာဟာ ပညာရပ်တစ်ခု မဟုတ်ဘူးဆိုတာကိုတော့ သတိပြုသင့်တယ်။

Continue reading

Posted in ဆောင်းပါးများ | Leave a comment

လူငယ်တွေအတွက် လူကြီးတွေရဲ့ပန္နက်-၎

အရင်တစ်ပတ်ကနောင်ဆယ်နှစ်ကြာတဲ့အခါမှာပေါ်ပေါက်လာမယ့်ကျောင်းသားလူငယ်တွေရဲ့ အရည်အသွေးကို ဒီကနေ့ကျောင်း သားဘွဲ့ရတွေက မမီနိုင်တော့ ဘူးလို့ ရေးခဲ့တယ်။ အဲဒီဟောကိန်းကို ထုတ်ခဲ့တာက ထင်ရာမြင်ရာ ရမ်းသမ်းပြီး ပြောခဲ့တာ မဟုတ် ပါဘူး။ ဒီက နေ့ အစိုးရပညာရေးဌာန တာဝန်ရှိသူများရဲ့ လုပ်ဆောင် ချက်တွေကို ကြည့်ပြီး သေချာပေါက် ထုတ်လိုက်တဲ့ ဟော ကိန်းတွေ ဖြစ်ပါတယ်။

Continue reading

Posted in ဆောင်းပါးများ | Leave a comment

လူငယ်တွေအတွက် လူကြီးတွေရဲ့ပန္နက်-၃

အရင်အပတ်က ဆောင်းပါးတွေမှာ နောက်ဆယ်နှစ် ကြာကာလ မျိုးဆက်သစ်တွေဟာ မင်းတို့တစ်တွေထက် ပညာအရည်အချင်း၊ ဘာသာရပ်အသီးသီးမှာသာလွန်နေလိမ့်မယ်လို့ ငါတွက်ချက်ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒါဖြင့် မင်းတို့ဘာလုပ်ကြမလဲ။ ဒီအတိုင်းပဲ ထိုင်နေကြတော့မှာလား။ နောက်တက်လာတဲ့ ကလေးတွေက မင်းတို့ကို အဆင့်ကျော်ပြီး တာဝန်ယူနိုင်တဲ့ စွမ်းရည်တွေတရိပ်ရိပ် တက်လာတာကို ဒီအတိုင်းပဲ တမော့မော့ ကြည့်နေကြ တော့မှာလား။ ဒါတွေကို မင်းတို့ စဉ်းစားကြ ရတော့မယ်။

Continue reading

Posted in ဆောင်းပါးများ | Leave a comment

လူငယ်တွေအတွက် လူကြီးတွေရဲ့ပန္နက် – ၂

အရင်တစ်ပတ်က ”ဘဝ” တစ်ခုအတွက် ကျန်း မာရေးနဲ့ ပညာရေးဟာ အရေးအကြီးဆုံးပဲလို့ ရေးခဲ့ တယ်။ ဒါကြောင့် မိသားစု တစ်စုဟာ ကလေးတစ်ယောက် မွေးဖွားလို့ ဘဝကို စလိုက်ပြီဆိုရင် မိဘနှစ်ပါးက သူရဲ့ ကျန်းမာရေးနဲ့ ပညာရေးကို ဦးစားပေး ပြီး မြေတောင် မြှောက်ဖို့ အားထုတ်လေ့ရှိကြတယ်။

Continue reading

Posted in ဆောင်းပါးများ | Leave a comment

လူငယ်တွေအတွက် လူကြီးတွေရဲ့ပန္နက်

လူငယ်တွေအတွက် လူကြီးတွေရဲ့ပန္နက်ဆိုတဲ့ ခေါင်းစဉ်ကို မင်းတို့ မှတ်မှတ်သားသား ဖတ်လိုက်စေချင် ပါတယ်။ ငါ့အသက် ၈၆ နှစ် ရှိပါပြီ။ ဒုတိယကမ္ဘာစစ်ကြီး ကိုလည်း မီလိုက်တယ်။ ဘီအိုင်အေ၊ ဘီဒီအေ၊ ဘီပီအက်ဖ် ဆိုတာတွေကိုလည်း မီလိုက်တယ်။ အဲဒီလို ဒီနေ့ထိ ကြုံ ခဲ့သမျှခေတ်တွေထဲမှာ လွတ်လပ်ရေးရတဲ့ ခေတ်တောင်မှ (ကုန်ကုန်ပြောလိုက်မယ်) လွတ်လပ်ရေးနေ့တောင် မှ ဒီ ခေတ်လောက် အလွန်တရာ အားတက်စရာကောင်းတယ် လို့ ငါမထင်မိပါဘူး။ မင်းတို့ ကုသိုလ်၊ ငါတို့လို သက် ကြီးရွယ် အိုတွေရဲ့ ကုသိုလ်ကြောင့် မင်္ဂလာခေတ်သစ်နိ ဒါန်းကို ကြုံလာကြရခြင်းဖြစ်တယ်။

Continue reading

Posted in ဆောင်းပါးများ | Leave a comment

ကလေးကဗျာ – ၂

ကလေးကဗျာစာအုပ်တွေ ဘာကြောင့် အရောင်းထိုင်းလာတာလဲဆိုတာကို စဉ်းစားကြည့်မိတယ်။ ကဗျာဆိုတာ ပဓာနအားဖြင့် ရွတ်ဆိုဖို့ဖြစ်တယ်။ ဒီတော့ ကလေးတွေ ရွတ်ဆိုဖို့ကဗျာတွေကို သင်ကြားပေးတဲ့ ဌာန ရှိရလိမ့်မယ်။ ကလေးတွေဟာ ကဗျာရွတ် ဆိုရတာကို ကြိုက်ကြပါတယ်။ သို့သော် သူတို့တစ်တွေကို စည်းမှန်၊ ဝါးမှန် ကဗျာရွတ်သံ သင်ကြားပေးတဲ့ဌာန မရှိဘဲဖြစ်နေ တယ်။
ကလေးအသက်အရွယ်နဲ့ စဉ်းစားကြည့်လိုက် ရင် ကဗျာရွတ်သံ၊ ဖတ်သံကို သူတို့နှစ်သက်ကြပါတယ်။ သို့သော်လည်း နှစ်နှစ်၊ သုံးနှစ်လောက်ရှိလာတဲ့အခါမှာ ပုံပြင်တွေကို ပိုပြီးနှစ်သက်လာကြတယ်။

Continue reading

Posted in ဆောင်းပါးများ | 1 Comment

ကလေးကဗျာ – ၁

လွန်ခဲ့တဲ့ ၃၊ ၄ ရက်က ရန်အောင်စာပေတိုက်က သူတို့ထုတ်ဝေတဲ့စာအုပ်သုံး၊ လေးအုပ်နဲ့အတူ စာလေးတစ်စောင်ပါလာပါတယ်။ ဖတ်ကြည့်လိုက်တော့ ကဗျာဆရာ မောင်ယဉ်မှူးရဲ့စာလေး ဖြစ်နေတယ်။ မောင်ယဉ်မှူးဆိုတဲ့ ကလောင်နာမည်ကို ဒီခေတ်လူ ငယ်တွေအဖို့မှာ နားစိမ်းကောင်း စိမ်းနေလိမ့်မယ်။ ဒါပေမယ့် သူတို့ ကလောင်တွေက ငါတို့ထက် ရှေးကျ တယ်။ စာပေလောက ထဲကိုဝင်တာ တို့များထက်စောသေးတယ်ဆိုပါတော့။ စာထဲမှာပါလာတဲ့ ပဓာနအချက်ကတော့ သူရေးတဲ့ မောင်ရေခဲ၊ မရွှေဖဲ ကလေးကဗျာ များ စာအုပ်လေးကို ရန်အောင်စာပေတိုက်က ထုတ်ဝေဖြန့်ချိလိုက်တယ်။ ဝယ်တဲ့သူမရှိဘူး။ ကလေး ကဗျာကို မူကြိုကလေးတွေကတောင် ချစ်ချစ်ခင်ခင် အော်ကာ၊ ဟစ်ကာ ရွတ်ဆိုလေ့မရှိကြတော့ဘူး။ ဆရာ ဦးအောင်သင်း ဒီအကြောင်းတွေ ကို စာမရေးချင်တော့ဘူး လား။ ကလေးကဗျာဘက်ကို လှည့်မကြည့်တော့ဘူးလား ရယ်လို့ ငါ့ကို ငိုသံပါကြီးနဲ့ တိုင်တည်လိုက် တဲ့စကားပါပဲ။

Continue reading

Posted in ဆောင်းပါးများ | Leave a comment

ချစ်စရာကောင်းတဲ့ လူငယ်တွေ -၅

ချစ်စရာကောင်းတဲ့ လူငယ်တွေအကြောင်းကို ရေးလာ ခဲ့တာ ၅ ပတ် ရှိသွားပြီ။ ငါတွေ့ရတဲ့၊ ကြုံရတဲ့ လူငယ် တွေဟာ တကယ့်ကို ချစ်စရာမကောင်းပေဘူးလား။ ငါ့ကို ငွေကြေးဝတ္ထုပစ္စည်းတွေနဲ့ လာပြီးကန်တော့တာထက် ဝမ်းသာတာ၊ကျေးဇူးတင်တာလည်း အမှန်ပါပဲ။ ဒါပေမယ့် ငါပြောလိုက်၊ ဆိုလိုက်၊ သတိပေးလိုက်တဲ့ စကားတွေ ကြောင့် သူတို့မှာ ဘဝအသိအမြင်၊ လောက အသိ အမြင် ပြောင်းလဲပြီး တိုးတက်ကြီးမြင့်လာရတဲ့အကြောင်းကြားရတာတွေကတော့ ငါ့မှာနားဝင်ချိုမိတာအမှန်ပါပဲ။ ဒီလိုအဖြစ် မျိုးတွေ ကို ကြုံရ၊ တွေ့ရတာ မကြာခဏဆိုပါစို့။ အိမ်ကို ကိုယ်တိုင်လာရောက်ပြီး စကားလက်ဆောင်၊ ပစ္စည်းလက်ဆောင် ကန်တော့ကြ တာတွေလည်း ရှိသလို၊ တယ်လီဖုန်းနဲ့ ရပ်ဝေးက စကားလက်ဆောင် ကန်တော့ ကြတာတွေလည်း အများကြီးပါပဲ။
အခုလည်း အားလုံးသော လူငယ်တွေကို စကားလက် ဆောင် ပေးလိုက်ချင်ပါသေးတယ်။

Continue reading

Posted in ဆောင်းပါးများ | Leave a comment