Monthly Archives: October 2012

ကလေးကဗျာ – ၁

လွန်ခဲ့တဲ့ ၃၊ ၄ ရက်က ရန်အောင်စာပေတိုက်က သူတို့ထုတ်ဝေတဲ့စာအုပ်သုံး၊ လေးအုပ်နဲ့အတူ စာလေးတစ်စောင်ပါလာပါတယ်။ ဖတ်ကြည့်လိုက်တော့ ကဗျာဆရာ မောင်ယဉ်မှူးရဲ့စာလေး ဖြစ်နေတယ်။ မောင်ယဉ်မှူးဆိုတဲ့ ကလောင်နာမည်ကို ဒီခေတ်လူ ငယ်တွေအဖို့မှာ နားစိမ်းကောင်း စိမ်းနေလိမ့်မယ်။ ဒါပေမယ့် သူတို့ ကလောင်တွေက ငါတို့ထက် ရှေးကျ တယ်။ စာပေလောက ထဲကိုဝင်တာ တို့များထက်စောသေးတယ်ဆိုပါတော့။ စာထဲမှာပါလာတဲ့ ပဓာနအချက်ကတော့ သူရေးတဲ့ မောင်ရေခဲ၊ မရွှေဖဲ ကလေးကဗျာ များ စာအုပ်လေးကို ရန်အောင်စာပေတိုက်က ထုတ်ဝေဖြန့်ချိလိုက်တယ်။ ဝယ်တဲ့သူမရှိဘူး။ ကလေး ကဗျာကို … Continue reading

Posted in ဆောင်းပါးများ | Leave a comment

ချစ်စရာကောင်းတဲ့ လူငယ်တွေ -၅

ချစ်စရာကောင်းတဲ့ လူငယ်တွေအကြောင်းကို ရေးလာ ခဲ့တာ ၅ ပတ် ရှိသွားပြီ။ ငါတွေ့ရတဲ့၊ ကြုံရတဲ့ လူငယ် တွေဟာ တကယ့်ကို ချစ်စရာမကောင်းပေဘူးလား။ ငါ့ကို ငွေကြေးဝတ္ထုပစ္စည်းတွေနဲ့ လာပြီးကန်တော့တာထက် ဝမ်းသာတာ၊ကျေးဇူးတင်တာလည်း အမှန်ပါပဲ။ ဒါပေမယ့် ငါပြောလိုက်၊ ဆိုလိုက်၊ သတိပေးလိုက်တဲ့ စကားတွေ ကြောင့် သူတို့မှာ ဘဝအသိအမြင်၊ လောက အသိ အမြင် ပြောင်းလဲပြီး တိုးတက်ကြီးမြင့်လာရတဲ့အကြောင်းကြားရတာတွေကတော့ ငါ့မှာနားဝင်ချိုမိတာအမှန်ပါပဲ။ ဒီလိုအဖြစ် မျိုးတွေ ကို ကြုံရ၊ တွေ့ရတာ မကြာခဏဆိုပါစို့။ အိမ်ကို ကိုယ်တိုင်လာရောက်ပြီး … Continue reading

Posted in ဆောင်းပါးများ | Leave a comment

ချစ်စရာကောင်းတဲ့ လူငယ်တွေ – ၎

ဒီဆောင်းပါးတွေကို ”ချစ်စရာကောင်းတဲ့ လူ ငယ်တွေ” လို့ အမည်ပေးထားတယ်။ ဒီဆောင်းပါးစုတွေ ကို ”မျိုးဆက်သစ် တိုးတက် ရစ်ဖို့” လို့ အမည်ပေးခဲ့တာ လည်း မင်းတို့အသိပါပဲ။ ဒီဆောင်းပါးတွေ စပြီးရေးစဉ်က ”မင်း၊ ငါ” စသည်အားဖြင့် ရည်ညွှန်းပြောဆို ပြီး ရေးလေ့ မရှိကြဘူးမဟုတ်လား။ ပရိသတ်နားထဲမှာ ရင့်သီးရိုင်းပျတဲ့ လေသံမျိုး ထွက်နေနိုင်တယ်။ ဒါကြောင့် မဝင့်မရဲ ဖြစ်ခဲ့ တယ်။ သို့သော်လည်း ငါက ကျောင်းဆရာတစ်ပိုင်းလည်း ဖြစ်နေတော့ အတန်းထဲမှာ အဲဒီလိုပဲ ”မင်း၊ ငါ” … Continue reading

Posted in ဆောင်းပါးများ | 1 Comment

ချစ်စရာကောင်းတဲ့ လူငယ်တွေ – (၃)

ငါလည်း စကားရှည်သွားလို့ ခုတစ်ပတ်မှ အဲဒီအံ့သြစရာ လူငယ် အကြောင်းကို ဆက်ရပြန်တော့တယ်။ လူငယ်ဆိုသော်လည်းပဲ သူ့အသက်က ၄ဝ ကျော်လောက်ပါပြီ။ သို့သော်လည်း ငါ့အဖို့မှာတော့ လူငယ်ပါပဲ။ တခြား လူငယ်တွေထက် အံ့သြဖို့ကောင်း တာတွေပြောပြချင်လို့ ဒီဆောင်းပါးကို ဆက်ရေးလိုက်တာပါ။ ကိုင်း- သူ့အကြောင်းကို မဖတ်ရသေးမီမှာ သူ့လိပ်စာ ကတ်ပြားလေး ကို ကြည့်လိုက် ကြဦးစို့။ ရွှေရောင်ပြောင်လက်နေတဲ့ သူ့ရဲ့လိပ်စာကတ်ပြားမှာ  ရေးထားတဲ့ ဂုဏ်ပုဒ်တွေက နိုင်ငံတော် အလံ သုံးရောင်ခြယ် ကြယ်တစ်ပွင့်နဲ့ အတူ ဦးမြတ်ဦး (BABY VITA)B.A … Continue reading

Posted in ဆောင်းပါးများ | Leave a comment

ချစ်စရာကောင်းတဲ့ လူငယ်တွေ -၂

အရင်တစ်ပတ်က ဖော်ကောင်ဘညွန့်လို့ အမည် တွင်ခဲ့တဲ့ ဦးဘညွန့်အကြောင်းကို မိတ်ဆက်ပေးခဲ့တယ်။ အခုတော့ သူ့သား အကြောင်းကို ပြောရပြန်တော့မယ်။ ငါ့စာထဲမှာ အတုယူအားကျလောက်တဲ့ ဂုဏ်အင်္ဂါရပ်မရှိ ရင် အဲဒီလူငယ်အကြောင်းကို စာထဲထည့်ပြီး ရေးလေ့ မရှိဘူးဆိုတာ မင်းတို့အားလုံး သိကြပါတယ်။ အခုလည်း ပဲ ထူးခြားချက်ရှိနေတာကြောင့် ငါ့စာထဲမှာ ထည့်ပြီးရေး လိုက်ရတာပါ။   ဖြစ်ပုံက ဒီလိုပါ၊ အားလုံးလူငယ်တွေ ပြန်ခါနီး မှာ နှုတ်ဆက်ကြတော့ အသီးသီးက နှုတ်ဆက်ကြတယ်။ ဘယ်ဝါပါ ဘာအလုပ် အကိုင်လုပ်ပါတယ် စသည်အား ဖြင့် … Continue reading

Posted in ဆောင်းပါးများ | Leave a comment